
သန်းခေါင်လွန်ည
ဆုတ် ထွက် ခွာ ပြေး သွားတဲ့
မီးခိုးတန်းတွေကြောင့်
ငါ့ကောင်းကင်လည်း
မှောင်တစ်ခါ လင်းတစ်လှည့်။
အမှောင်ခိုလို့ ချုံးချုံးချငို…
လမင်း ဆိုတဲ့တေးသံ
သက်ပြင်းရှိုက်သံတွေ ကပ်ငြိပေါ့။
သေခြင်းရဲ့လက်တစ်ကမ်း
ဒါမှမဟုတ်
ကမ္ဘာမြေရဲ့ အတွင်းပိုင်းတစ်နေရာ..
အို
လင်းပလှချည့်လား။
အလင်းအမှုန်တစ်ချို့တစ်လေ
ဖြုတ်ခနဲ ဖြုတ်ခနဲ
ကြွေကျနေခဲ့။
အဲသည် ညမှာပဲ
ငါ့အိပ်မက်ရဲ့ ဈာပနကို
ငါကိုယ်တိုင် မီးသင်္ဂြိုဟ်ခဲ့ရပေါ့။
မိုးကြယ်
8 comments:
သေခြင်းရဲ့လက်တစ်ကမ်း
ဒါမှမဟုတ်
ကမ္ဘာမြေရဲ့ အတွင်းပိုင်းတစ်နေရာ..
အို
လင်းပလှချည့်လား။
အတွေးကသိပ်သည်းပါပေတယ်..။
ဟုတ်တယ်...
ငါတို့နဲ့ထပ်ချပ်မကွာ..
သူ လိုက် ပါ နေ ခဲ့ တာ...
ကဗျာကောင်းလေးတွေ အများကြီးရေးနိုင်ကြပါစေ..။
နင့်နင့်နဲနဲပါပဲကိုမိုးကြယ်ရာ....
သန်းခေါင်လွန်ည ....
ခေါင်းစဉ်နဲ့စာသားတွေကတော့ အကိုက်ပဲဗျာ ...
ခေါင်းစဉ်နှင့်အတူ ကဗျာအပိုဒ်တိုင်းရဲ့ စားသားလေးနက်မှု
ကို ကြိုက်တယ် ..။
ဆက်လက်ရေးဖွဲ့နိုင်ပါစေ ..။
ကိုမိုးကြယ်
ကိုယ့်ဆရာကတော့ လုပ်ချလိုက်ပြန်ပြီ။ ခိုက်တယ်ဗျာ။
အဲသည် ညမှာပဲ
ငါ့အိပ်မက်ရဲ့ ဈာပနကို
ငါကိုယ်တိုင် မီးသင်္ဂြိုဟ်ခဲ့ရပေါ့။
ထိတယ်ဗျို့။ ဟက်တက်ဘဲ။ ကြိုက်တယ်ဗျာ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကဗျာလူတွေနဲ့ ခင်မိတော့ သူတို့စာတွေဖတ်ပြီး ကျုပ်ပါ ကဗျာရေးချင်စိတ် ဖြစ်ကုန်တယ်... အဲဒီအထဲ.. မိုးကြယ်တို့ ကိုနေတို့ အဆိုးဆုံး။ ကဗျာကောင်းချည်း ထုတ်ပြနေကြတယ်ဗျာ..။ ကဗျာမှာတော့ ဆရာပဲ.. ဒါကြောင့် ကဗျာဆရာလို့ ခေါ်တာပဲ..း)။
သန်းခေါင်လွန်ညထဲရောက်ခဲ့တယ်.....
ဖတ်ရင်းနဲ့လေ....
အဲသည် ညမှာပဲ
ငါ့အိပ်မက်ရဲ့ ဈာပနကို
ငါကိုယ်တိုင် မီးသင်္ဂြိုဟ်ခဲ့ရပေါ့....
နက်နက်ရှိုင်းရှိုင်းခံစားရပါတယ် ကဗျာဆရာရေ..
ဒီလိုကဗျာကောင်းလေးတွေ ဆက်လက်ရေးဖွဲ့နိုင်ပါစေ...
သန်းခေါင်ပြီးရင် အာရုံဦးလာစမြဲ ပဲလေး...
Post a Comment