Sunday, February 22, 2009

အိတ်ကပ်ထဲမှနံနက်ခင်း



လေက်ကျွမ်းစဲ လောင်ကျွမ်းပြီး

စိတ်ခွန်အားများ

ထားခဲ့… ထားခဲ့ပါ။


တစ်ခါတစ်ရံလည်း

ဖိနပ်အပြတ်နှင့်လူလုံးပြ

အပူလုံးကြွမှုများအား

လျစ်လျူရှုတတ်ရမပေါ့။


မီးပြတိုက် အတွင်းသား

အလင်းကား ခမ်းနားလှချည့်ရဲ့။

ပင်လယ်ဆယ်စင်းအပြိုင်လင်းအောင်ပ၊

လူ့စိတ်အတွင်း မြင်ကွင်းကတော့

ချို့တဲ့လှတယ်။


သူငယ်ချင်းရေ

ချစ်သူရေ

လူဆိုတဲ့လူ မျက်နှာကိုမီးပူတိုက်

ရင်ဘတ်မှာသံမှိုရိုက်ထားတာက

ငါလေ လူပါပဲတဲ့။


မဖုံးကြပါနဲ့

မဖိကြပါနဲ့

ရုံငါးပါးအတိုင်းသာလိုက်ခဲ့ပါ

မမြဲတရားလေးတော့ လက်ကိုင်ထားခဲ့ပေါ့။


ငါတို့ခရီးအား

နီးသလား၊ ဝေးသလား

လားလားမျှမဆိုင်..

ငါသည်သာ

လျှောက်လှမ်းရမည်၊

လှော်ခတ်ရမည်၊

ပျံသန်းရမည်။


တိမ်တောင် အရောင်အဆင်း

အခင်းအကျင်းများနှင့်

ငါ့ဘ၀…ငါ့ပုံရိပ်အား

ချယ်မှုန်း၊ ထုဆစ်လို့

ငါ့ခေတ်အားရှင်သန်ရစေရဲ့။


တစ်ရာနှင့်ငါးဆယ့်သုံး

အတုံးအရုံးလဲသူ

ကဗျာနှင့်ထူမတ်

ဝါရော်ခဲ့ခြင်း အချိန်စက်ကွင်းအား

အလင်းအောက် မွှေးမြ

နှင်းဆီတစ်ပွင့်လှပခြင်းနှယ်

ငါ့အား လောင်ကျွမ်းခဲ့ပါပြီ။


မိုးကြယ်

10 comments:

Anonymous said...

တိမ်တောင် အရောင်အဆင်း

အခင်းအကျင်းများနှင့်

ငါ့တို့ဘ၀…ငါ့တို့ပုံရိပ်အား

ချယ်မှုန်း၊ ထုဆစ်လို့

ငါ့ခေတ်အားရှင်သန်ရစေရဲ့

ကောင်းတယ်မောင်လေးရေ..
အတွေးရော...နမိတ်ပုံရော..

ဘရာဘို!!!!

အိုင်လွယ်ပန် said...

နိမိတ်တွေအရမ်းကောင်းပဲဗျာ....

ကဗျာ...ကဗျာ...

ချီးယားစ်! ဗျာ .............

Apprenticeship said...

နိုးစော်ချက်ပါတဲ့ ကဗျာတစ်ပုဒ်ပဲ။

ဆောင်းယွန်းလ said...

ငါတို့ခရီးအား

နီးသလား၊ ဝေးသလား

လားလားမျှမဆိုင်..

ငါသည်သာ

လျှောက်လှမ်းရမည်၊

လှော်ခတ်ရမည်၊

မှန်လိုက်တာ..ကဗျာတစ်ပုဒ်လုံးက ရင်ကိုတည့်တည့်ကြီးလာမှန်သွားတယ်ညီရေ့

ပျံသန်းရမည်။

Dream said...

လူဆိုတဲ့လူ မျက်နှာကိုမီးပူတိုက်
ရင်ဘတ်မှာသံမှိုရိုက်ထားတာက
ငါလေ လူပါပဲတဲ့။
မဖုံးကြပါနဲ့
မဖိကြပါနဲ့
အာရုံငါးပါးအတိုင်းသာလိုက်ခဲ့ပါ
မမြဲတရားလေးတော့ လက်ကိုင်ထားခဲ့ပေါ့။

အင်မတန် ကောင်းတဲ့ ကဗျာလေးပါပဲ ..ဦးဦးမိုးကြယ်ရေ..

ကဗျာကောင်းလေး ကိုတင်ဆက်ပေးတာ ကျေးဇူးပါ...

မိုးမြင့်တိမ် said...

အတိတ်တဘောင် နိမိတ်ဆောင်တဲ့ ။

ကိုယ့်ဆရာကဗျာလေးမှာလည်း နိမိတ်ပြဖွဲ့ဆိုမှုလေးတွေနဲ့။
သိပ်ကောင်းတယ်ကိုယ့်ဆရာ။ ဆက်လက်ပျံသန်းကြပါစို့။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကိုရင်နော်ခင်လေးငယ် said...

ကိုမိုးကြယ်ရေ...

အချိန်စက်ကွင်းထဲမှာ...
နောက်ဆုံးစက္ကန့်ထိ
ကဲ.....
ဘဝအမောတွေနဲ့
စိန်ပြေးလိုက်တမ်းကစားပွဲ
မနားပဲ နွှဲကြဦးစို့နော်...

ခင်မင်တဲ့....

emayarKhin said...

ကောင်းတယ်ဗျို့။

လုလင်ငယ်သွေး said...

အစ်ကိုရေ ။ ငါတို့ ခရီးအားနဲ့ တိမ်တောင်အရောင်အဆင်း နှစ်ပိုဒ်ကိုတော့ ကြိုက်သွားပြီ။

pandora said...

တော်တော်တွေးရတဲ့ကဗျာပဲ
နှင်းဆီတပွင့်လှပခြင်းနှယ်.. လောင်ကျွမ်းတာရယ်.. သဘောကျနေမိတယ်။