စုန်းအို တစ်ကောင်ရဲ့
ရယ်သံ ခပ်စိုးစိုး
လင်းနို့ အော်သံတွေဟာ
လရောင်စမ်းပြီး
ငါ့အခန်း နံရံတွေကို ကုတ်ခြစ်…
ကောင်းကင်ရဲ့ ဒဿနမှာ
ညဆိုတာလည်း မှောင်မည်း
နေ့ဆိုတာလည်း မှောင်မည်း
တစ်ရောင်ထဲပဲ…
ရင်ကွဲနေတဲ့ ၀ံပုလွေဟာလည်း
တစ်ကောင်တည်းပဲ..
ဒါပေမဲ့
လရောင်ကို မြတ်နိုးတာခြင်းတော့
တူကြတယ်။
ပင်လယ်ရဲ့ တစ်စိမ်းတစ်ရံဆန်မှုတွေဟာ
မြစ်တွေရဲ့ ပျော်ဝင်ခြင်းကို
အရည်ဖျော်ပစ်ကြတယ်..
ဇင်ယော်တွေကတော့ ပျံဆဲ ပျော်ဆဲ..
ကျောက်ဆောင်တွေကတော့ တည်ဆဲ..
နှလုံးသားတစ်ခု အတွက် မျက်ရည်တွေကကော
အချစ်ရဲ့ပြယုဂ်လား.. အမုန်းရဲ့ တေးသွားလား
လောကဟာ မာယာတော့ အများသားရယ်။
ဂီတစီးကြောင်းဟာ ငြိမ့်ညောင်းခဲ့တယ်..
အော်သံခပ်ပြင်းပြင်းတွေဟာ
အာဟာရပြည့် ပေါ့
ပြီးတော့
မြူးကြွ..
ဝိဥာဉ်တွေ ကခုန်ခြင်းမှာပဲ
ညဟာလည်းတစ်ဖြည်းဖြည်း
အရောင်လွင့်..
စုတ်ချက်ရာ ဗရဗွနဲ့ ကင်းဘတ်(စ)
သူ့ရဲ့ ခံယူချက်မှာ ပန်းချီဟာ ဂီတ
ဖန်တီးခြင်းတွေရဲ့ ဘာသာဗေဒ
အနုပညာဟာ သွေးတွေရောမွှေနှောက်
ခန္ဓာကိုယ်မှာ အဲဒါဟာလည်း
မရှိမဖြစ် အာဟာရ
အရူးအမူး ခုန်မင်ခဲ့ရတယ်။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


2 comments:
ဒါပေါ့
ကျွန်တော်တို့ရဲ့ ခုံမင်နှစ်သက်မှုဟာလည်း
ကျွန်တော်တို့အတွက် မရှိမဖြစ်အာဟာရပါဗျာ ..။
I love this Poem. The same feeling with me. I don't know the Poet's intention but I love it.
Post a Comment