မငိုတော့ပါ
ငါ မငိုတော့ပါ
ကောင်းကင်ကို ဆွဲခါရမ်းအပြီးမှာ
ဝရုန်း သုန်းကား ထွက်ပြေးသွားတဲ့
တိမ်ဆိုင်တွေကို မနှုတ်ဆက်ပါ..
မြေပြင်က အလျင်းသင့်သလို လက်ခံမဲ့
ကြယ်စင်တွေကို ငေးကြည့်မနေတော့ပါ..
ငါဟာ လေထဲမှာပါ
လေထဲမှာ လွင့်နေတဲ့လူပါ
အမြတ်နိုးဆုံး ရင်ခုန်ခဲ့ရတဲ့
ပန်းလေး တစ်ပွင့်အတွက်
အကြည်နူးဆုံး တောက်ပခဲ့ရတဲ့
မျက်နက်ဝန်းလေး တစ်စုံအတွက်
အတက်ကြွဆုံး ပျော်ဝင်ခဲ့ရတဲ့
ဖ၀ါးနုနုလေး တွေအတွက်
ငါဟာ လေထဲမှာ လွင့်နေခဲ့တာပါ…
အတောင့်တရဆုံး နှင်းဆီလေးရေ
ကောင်းကင်ထဲအထိတိုးဝင်ပြီး
မင်းရနံ့ ကိုနမ်းရှိုက်ဖို့ အတွက်
မင်း အပြုံးချိုမြ လေးများ ကမ်းလင့်လှည့်ပါ..
အဲဒီ အပြုံး နှုတ်ခမ်းပါးလေးကို တွဲခိုလို့
ငါ..
ငါ.. မင်းရဲ့ အနား ခစားချင်လှည့်ပါ့…
ငါဟာ လေထဲမှာလွင့်နေတဲ့
လေထဲက လူပါ။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


3 comments:
ခံစားရတာ လွင့်လွင့်မျောမျော ..။
Wanna create a poem at least.Feeling is full of my heart. But I have no words.
မိုက်တယ်ဗျာ.... :)
Post a Comment