ညအသေတစ်ကောင်နှင့် ခလုတ်တိုက်မိခြင်း
တွေ့မဲ့တွေ့
တိုက်တိုက် ဆိုင်ဆိုင်
ဘယ်လိုပါလိမ့်
အိပ်မက်ထဲကလိုပေါ့
ညအသေ တစ်ကောင်နဲ့
တွေ့တယ်။
အဲဒီတုန်းက
ကောင်းကင်မှာ လ မရှိ
စကားဝါပန်းတစ်ပွင့် သာ
အတိပြီးနေပေါ့။
ကာဗွန်ဒိုင်အောက်ဆိုဒ်
ကျပ်ညပ်နေတဲ့ လေရှူသံတွေ
မကျက်တကျက်ထမင်းအိုးတွေ
ခယမွဲတေနေတဲ့ မျက်ဝန်းတွေ
အဲဒါတွေကို
သိမ်းကြုံးသယ်ဆောင်လာတဲ့
ညအသေတစ်ကောင်..
ဟုတ်တယ်..
အဲဒီ ညအသေကောင်နဲ့
တိုက်တိုက်ဆိုင်ဆိုင်
တွေ့ဆုံခဲ့တယ်။
စကားတွေ ဖောင်ခဲ့တယ်။
ဦးနှောက်တွေ ချော်ခဲ့တယ်။
အချိန်တွေ ပျော်ခဲ့တယ်။
ပင်လယ်မမှောက်ခင် အထိပေါ့။
ညအသေကောင်
သူဟာ
အိမ်အကြီးကြီးရဲ့
တံစက်မြိတ်..
အိမ်သေးသေးလေးရဲ့
ခေါင်မိုး..
လမ်းကြိုလမ်းကြားထဲက
အမှိုက်..
နီယွန်မီးတိုင်အောက်က
ဆောင်းပျိုမ..
အဲဒီလို
အဲသည့် ညအသေကောင်ဟာ
မှုန်တေတေနဲ့ လှနေတတ်တယ်။
ညအသေကောင်ဟာ
လွင်ပြင်ထဲက
ဝံပုလွေရိုင်းရဲ့
အရိပ်ဖြစ်တယ်။
ပင်လယ်နက်ထဲက
အက်ဖရာဒိုက်တီးရဲ့
ဂီတ ဖြစ်တယ်။
ဗင်းဆင့်ဗန်ဂိုးရဲ့
မေ့မရတဲ့
ကန်းဗတ်(စ) ဖြစ်တယ်။
စံပယ်ရုံအောက်က
ချစ်သူတို့ရဲ့
လွမ်းမောဖွယ်ရာ
အတိတ် လည်းဖြစ်တယ်။
ညအသေကောင်ဟာ
ဒဏ္ဏာရီပေါင်းများစွာကို
ဖြတ်သန်းလာခဲ့ရတဲ့
သေအံ့မူးမူး
မိုးပျံ ပူဖောင်းလည်း
ဖြစ်နေတတ်တယ်။
ကမ္ဘာဦး ကထဲက
ပေါက်ထွက်နေတဲ့
ပါးစပ်ပေါက်တွေကို
ဖာထေးချင်တဲ့
ညအသေကောင်ဟာ
တစ်ခါတစ်လေ
သူကိုယ်တိုင်လည်း
ခြောက်ခြားစရာကောင်းအောင်
ဟင်းလင်းပွင့်နေတတ်တယ်။
ဒုစရိုက်လက်..
သုစရိုက်လက်..
အဲသည့် လက်နှစ်ဖက်ကြားက
အုံပြပြ ရင်အုံဟာ
ပုပ်အက်အက်နဲ့
မွှေးမြနေတတ်တဲ့
ညအသေကောင်။
ကျုပ်တို့ဟာ
ခေါင်းပေါ်ကအကြောင်းပြောတယ်။
ဖ၀ါးအောက်ကအကြောင်းပြောတယ်။
တစ်ယောက်ပခုံး တစ်ယောက်ပုတ်ကြတယ်။
တောက်ခတ်ကြတယ်။
ရယ်ကြတယ်။
တစ်ခါ တစ်လေ ဘာရယ်မသိ
ကြေကွဲ နေတတ်ကြသေးတယ်။
စကားဝါပန်းကနေ
ခရမ်းပြာ မီးခိုးတွေအဖြစ်ပြောင်းလဲ
တော်လဲသံကြားက ကောင်းကင်ပြင်ထဲ
ဆွဲခါရမ်းခံလိုက်ရလို့
ပင်လယ်မှောက်တဲ့အခါ
ကျုပ်တို့ လမ်းခွဲကြတယ်။
ညအသေကောင်က ငိုတယ်
ကျုပ်က စိုတယ်။
ပန်ဒေါရာရဲ့ သေတ္တာထဲမှာ
အဲဒီကထည်းက
ကျုပ်တို့ ရင်ခုန်ခဲ့ကြတယ်။
မိုးကြယ်
တိတ်ဆိတ်သော သာယာမှု ရှိရာဆီ ခဏ...
-
Almost heaven, West Virginia
Blue Ridge Mountains, Shenandoah River
Life is old there, older than the trees
Younger than the mountains, growin' like a br...
2 months ago
4 comments:
အပိတ္အပိုဒ္ကို မရလိုက္ဘူးဗ်
ကျန်တာတွေကတော့
ဖတ်ရတာ ကိုယ့်အတွေးနဲ့ကိုယ်
အဆင်ပြေနေတာပဲ ..
ကဗျာဖတ်ရတာ ဝမ်းသားတယ်ဗျ ..။
ကောင်းသောနေ့ပါ ကိုမိုးကြယ် :)
*ဝမ်းသာ
(စာလုံးပေါင်းက ဘယ်နှာကြီး ဖြစ်သွားသည်မသိ :))
လုပ်လှချည်လား ကိုယ့်ဆရာ။
လုပ်စမ်းပါ အဲလိုတွေ။
နောက်ထပ်ကဗျာတွေ မျှော်နေတယ်။
ပန်ဒေါရာရဲ့ သေတ္တာထဲမှာ
အဲဒီကထည်းက
ကျုပ်တို့ ရင်ခုန်ခဲ့ကြတယ်။
သေချာတာပေါ့။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကျောတောင် ချမ်းလာတယ်နော် ..
Post a Comment