အခင်းအကျင်းမကောင်းတဲ့
ပြဇာတ်တပုဒ်လား…
ညခင်းမသာတဲ့
ဘ၀မှာ..
လမသာလဲ…
ကိစ္စတော့မရှိပါဖူး….
ငါ့ ကြယ်တွေ
ငါ ထွန်းညိုပြီး
ငါ့ ညကို
ငါ ဘာသာငါ ထွင်းထုပစ်မယ်…
ရင်ကွဲစရာမလိုပါဖူး….
ခွေးဆိုးတွေဟောင်တိုင်းသာ အိပ်ပျက်မယ်ဆိုရင်…
ညနေတွေတောင်ညိုနေစရာလိုမှာမဟုတ်ဖူး….
ကောင်းကင်မရှိလဲ
ဖြစ်ပါတယ်….
ကြယ်တွေကို ငါ့ဝတ်ရုံထဲ
ထည့်ထားလိုက်မှာပေါ့….
ငါ့ဝိညာဉ် ရှင်သန်သရွေ့တော့….
ငါ့ နေမင်းကို
ငါ့မှာ ရှိသမျှအားနဲ့….ထွန်းညိုထားလို့ဖြစ်ပါတယ်။
ကိုနေ(၀၂.၀၁.၂၀၀၈)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


2 comments:
ကောင်းကင်မရှိလဲ
ဖြစ်ပါတယ်...........
ကြယ်တွေကို ငါ့ဝတ်ရုံထဲ
ထည့်ထားလိုက်မှာပေါ့...........
ကြယ်တွေသာ
ငါ့ဝတ်ရုံထဲမှာ
ပျော်မွေ့မယ်ဆိုရင်ပေါ့
အတင်းအကျပ်တော့
မဟုတ်ဘူး
ကဗျာလေးကောင်းတယ်ဗျာ။ :-)
Post a Comment