ဆည်းဆာတခုပဲဆိုပါစို့…
ရွှေရင်နွေးအောင်လှသတဲ့လေ…
ကောင်းကင်…
ကြယ်ရောင်စုံတွေနဲ့
လှနေစဲတဲ့…
ဝဲနေတဲ့..
ဝတ်ရည်တွေ…
ကြွေလုတဲ့ထိ…
အတိအကျပါပဲ…
လမင်းသာတဲ့ညမှာ…
အတိတ်ဟာ…
ဟာတာတာတော့..
မလုပ်ပါနဲ့…
အတုံ့အလှည့်နဲ့ဆိုရင်တောင်…
အေးမြလိုက်တာ..ညရယ်…
အိပ်မက်လှနေစဲတော့…
နှုတ်မဆက်လိုက်ပါနဲ့….
အတိတ်စိမ်းတွေ
ဝေနေတဲ့..
ကကွက်ပြောင်းသွားတဲ့သံစဉ်…
ခပ်စိမ်းစိမ်းနှုတ်ဆက်နေတဲ့…
အစိမ်းရောင်…နေ့
ကြိုရမှာလဲ…မ၀ံ့မရဲ….
ထိုနေ့ကပေါ့…
ကျနော့်ဆည်းဆာရယ်လေ…
အဆုံးသတ်ခဲ့တယ်
ကိုနေ(၁၉.၀၁.၂၀၀၈) မနက် ၂း၄၅
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment