Monday, June 30, 2008
အပြုံး
တိမ်ဖုံးနေပါလား
အရှုံးတွေငြိနေလို့လား
အမုန်းတွေပိနေလို့လား
ပိပိရိရိသာ
ရုန်းလိုက်စမ်းပါ
အဆုံးထိရောက်ရမယ့်
တို့ရဲ့ လမ်းကမနီးမဝေးမှာ
ကိုနေ(၂၂.၀၆.၂၀၀၈)
ညမိုက်
အမှိုက်သရိုက်တွေကို
အသိုက်မှတ်ပြီးပျော်နေတာ
အလျှော်အခင်းအကျင်းတွေနဲ့
အပျော်ဈေးခင်းတွေရဲ့ အမှဲ့ ခံလို့ပဲ
မှတ်ချင်လဲမှတ်တော့
သူ့ အကြိုက်တော့
အမိုက်ခံပြီးလိုက်မနေဘူး…
အလိုက်သတိနဲ့
ညမိုက်ထဲပဲ
ဦးခိုက်လိုက်မယ်……..
ကိုနေ(၂၁.၀၆.၂၀၀၈)
Friday, June 27, 2008
မင်းသားကြီး
လေနှင်ရာမှာကဖို့
ဒီဇာတ်က သေခြာနေပြီ
လိုက်ကာဖွင့်ပြီးရင်တော့
တစ်ချက်ဖြင့် ပြုံးပြမှ
ဇာတ်ဆရာအလိုကျကတော့
ငိုတစ်ခါ ရယ်တစ်လှည့်ပေါ့
အရောက်သာပို့
စိုင်းဆရာရေ
ဒီတစ်ခါ လိုက်ကာကျရင်ဖြင့်
ဇာတ်ခုံပျောက်မှာအသေခြာပဲ။
မိုးကြယ်
ယမကာ
အရောင်တွေဘယ်လိုပြောင်းပြောင်း
ငါ့နာမည်က တစ်လုံးထဲ…
မရောင့်ရဲနိုင်ရင်တော့
ငါခေါ်ရာနောက်လိုက်ရမယ်…
ညင်ညင်သာသာလေးပဲ
ငါ့ပတ်ဝန်းကျင်မှာတော့
ခုနှစ်ရက်ပဲရှိတယ်။
မိုးကြယ်
Wednesday, June 25, 2008
တနေ့
အသာအယာပဲဖူးပွင့်ခဲ့ပြီ….
မနက်ခင်းဆီတမ်းတ….
လှလှပပပဲနိုးထခဲ့ချင်တယ်…..
ကြယ်တွေကိုလဲပဲ
ကြိုတင်လမ်းခွဲခဲ့မယ်…
အချိုဆုံးအပြုံးနဲ့ငါမုန်းချင်တယ်…
မငိုနဲ့ကွယ်….
ကိုနေ(၂၅.၀၆.၂၀၀၈)
နှင်းငွေ့သံစဉ်
အချစ်ရေ
အပြစ်တွေမကြေခင်
ရင်ခွင်အေးမှာ စိုးတယ်..
နှင်းတွေဝေနေစဉ်
ပန်းတွေပွင့်ပါစေဆုတောင်း
မနက်ခင်းတို့ ပြောင်းခဲ့ပြီ။
ကိုနေ
Tuesday, June 24, 2008
ကောင်းကင်မှားပြီးလင်းတဲ့ ကြယ်
ငါ့ရဲ့တိမ်
ညထိအောင်ရွေ့နေစဲ
လေမပါပဲနဲ့..
ပူလွန်းတဲ့နေ
လ ထွက်တာတောင်
သူမပြန်ချင်သေဘူးတဲ့။
ငါလဲလေ
လင်းလင်းချင်းချင်းနဲ့
အခင်းအကျင်းကောင်းရင်တော့
သာတတ်ပါရဲ့..
အခုတော့
ကောင်းကင်မှားပြီးလင်းရတယ်လို့
ငါ့အိပ်မက်တွေ
ဆုံးဆုံးမြှုပ်ရော။
မိုးကြယ်
နတ်သမီးအိပ်မက်
ငိုတော့ငိုခဲ့ပါတယ်
ငါ့နှလုံးသားတစ်ခြမ်း
စုန်းပြုစားခံရချိန်ပေါ့။။
ဝတ်ရည်တည်ခဲ့တဲ့
ဘယ်ဘက်ရင်အုံလဲ
ပန်းတစ်ပွင့်အတွက်တော့
လောက်ငနိုင်ပါရဲ့..
မင်းကိုက်ခဲ့တဲ့
ပန်းသီးတစ်လုံးရဲ့
ရာဇ၀င်ထဲမှာလဲ
မက်ခွင့်မရတဲ့
ငါ့အိပ်မက်တွေဟာ..
ဖြူလျော့နွမ်းလျနေစဲပဲ။
မိုးကြယ်
နေခြည်
ကြွေနေပြီလား
(ဒီ)ဆောင်းမနက်ခင်း
မြူရီတွေကြားမှာလေ….
ဝေနေလား
ရင်ခွင်ကြားကအနမ်းတွေ
နှုတ်ခမ်းအကြင်
ရင်ပြင်ထက်မှာ….
ကြာခဲ့ပြီပေါ့….
ရာသီမဲ့..ဒိုင်ယာရီထ်ဲက
ပြာရီတဲ့ တိမ်လွှာထက်မှာ…
သာခဲ့တဲ့ရင်မှကဗျာ
ကိုနေ(၂၁.၀၆.၂၀၀၈)
အပယ်ခံရဲ့ ရင်ခုန်သံ
အမြုံရိုင်းလာရင်
ရှင်သန်ခြင်းဆိုတာ
ဘာအတွက်လဲ….
လိပ်ခဲတည်းလည်းနဲ့
ဆည်းလည်းတွေမြည်အောင်ကြိုးစားလို့တော့
အပေါ့စားတေးချင်းတပုဒ်ပဲရလိမ့်မယ်…..
အပယ်ခံဘဝ
လှတပတလေးဖြစ်အောင်
တိမ်တွေကိုအရောင်ဆိုးဆိုလဲ
ကြိုးစားပါ့မယ်….
ကိုနေ(၂၁.၀၆.၂၀၀၈)
Monday, June 23, 2008
အိမ်ပြန်ချိန်
ကောင်းကင်ရဲ့ အနားသတ်စည်းမှာ
ရွှေရည်တွေ တငွေ့ငွေ့လောင်ကျွမ်း ဖြာကျချိန်…
လင်းဖြာကျင်းတဲ့ ညနေရီမှာ
အနာဂါတ်သစ်တို့ တောက်ပချိန်..
မနက်ဖြန်တွေရဲ့ အဆုံး
စံပယ်တွေတရုံးရုံးပွင့်တဲ့ချိန်…
အဲဒီအချိန်
ရွက်အစုံဖွင့်လို့
လေဟုန်ခွင်းရင်း
သမိုင်းအသစ် ထုဆစ်ဖို့
ငါတို့…
အိမ်ပြန် မည့်အချိန်။
မိုးကြယ်
Friday, June 20, 2008
သူရဲကောင်း…သို့
လေ၏ပျံ့နှံ့ခြင်းမျိုးဖြင့်
ငါ၏အသွေးအသားများအား
လှုပ်ရှားနိုးကြားစေအံ့….
ဥာဉ့်ယံ၏ တိတ်စိတ်ခြင်းကို
ဝတ်ရုံလို့ စိတ်နှလုံးအား
ခိုင်ကြည်စေအံ့…
မြင်းရိုင်း၏ လျှင်မြန်ခြင်းနှင့်
လေးသည်တော်၏ တိကျမှုကိုပေါင်းစပ်၍
ငါ၏ ပစ်မှတ်အား ဖြိုခွင်းအံ့။
မိုးကြယ်
Thursday, June 19, 2008
ဖြည့်ဆည်းခြင်း
အမှောင်ထုအောက်က
သန်းခါင်ယံတေးသွားတွေအတွက်
လမင်း က
ငါ့အိပ်မက်တွေကို
ခူးဆွတ်သွားခဲ့ပြီ။
မိုးကြယ်
Wednesday, June 18, 2008
အိပ်မက်ဂမုန်း
အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ခဲ့ရတဲ့…
အလှဲ့ ကျ အပြုံးတွေကခြောက်လှန့်နေလို့ပေါ့လေ……
အခြေမဲ့အနေမဲ့တော့
မဟုတ်ဘူးပေါ့….
(မင်းကို)လျှော့တွေးခဲ့တာတော့….
(ငါ့)အပြစ်ပေါ့
မငေါ့ပါနဲ့…
ငါ့အပြုံးရဲ့ ရဲ့ တွေကို
ချိုချိုသာပဲခွဲလိုက်ပါ…
အသဲကွဲကဗျာ….
လာမလိုလိုဘာလိုလိုနဲ့….
ညိုတိုတိုမိုးပြေးကလဲ…တမှောင့်….
အနှောင့်အယှက်တော့မပေးနဲ့လေကွယ်
အလည်က…ဟိုလူကြီးရေ….
ဒီအိပ်မက်လောက်တော့..
(ခင်ဗျား)အပျော်တမ်းမက်ချင်လဲမက်ပေါ့…..
ကိုနေ(၁၈.၀၆.၂၀၀၈)
Saturday, June 14, 2008
ငါ…..တစ္ဆေ
အခန်း(၁)
လမင်းကသာလို့ ညခင်းကလဲညင်သာနေပါတယ်။ လောကတစ်ခွင်လုံး အမှောင်ထုဖုံးလို့ ကောင်းကင်ယံမှာတောင် ခုနှစ်ကြယ်ပြောင်အမြီးထောင်နေပြီ။
ထွက်သာထွက်လာခဲ့ရတယ် စိတ်ထဲမှာတော့ခပ်လန့်လန့်နဲ့ရယ်..
အနောက်မှာတော့ ခပ်အုပ်အုပ်ညို့မှိုင်းနေတဲ့ရွာလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေရဲ့။ လရောင်ကြေင့်လားတော့မသိ
ကျွန်တော်လျှောက်လာတဲ့ မြေနီလမ်းလေးက ရွှေဝါရောင်အဆင်းနဲ့လှချင်တိုင်းလှနေတော့တာပဲ။
တောပန်းရနံ့လေးတွေက လေအသုတ်မှာတစ်ချက်တစ်ချက်ကြိုင်လှိုင်နေလေရဲ့။
ကျွန်တော်ရွာကထွက်လာတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတွေ့ဘူးတဲ့
တစ္ဆေ ကိုတွေ့ချင်မြင်ချင်လို့ပါ။ မကြောက်တတ်ဘူးလို့တော့မထင်လိုက်နဲ့
ကျွန်တော်လည်းအသွေးအသားနဲ့လုပဲ ကြောက်တတ်တာပေါ့။ ဒါပေမဲ့ခင်ဗျားတို့
မထင်လိုက်နဲ့ လူဆိုတဲ့မျိုးကလဲပြောရခက်သားပဲ။ မြင်ချင်၊ တွေ့ချင်ပြီ ၊ လုပ်ချင်ပြီ
ပြီဆိုရင်တားရခက်သား… ထားတော့… ကျွန်တော်က တစ္ဆေ တွေ့ချင်တာကို
ရွာကာလသားခေါင်း ကိုဖြိုးကြီးက ထန်းရည်မုးမူးနဲ့ လမ်းညွှန်လိုက်ပါတယ်..
‘မင်းကွာ တစ္ဆေ များတွေ့ချင်ရတယ်လို့… တွေ့တော့မင်းဘာလုပ်မှာလဲ…’
‘ဟာ ကျွန်တော်က မြင်ဘူးရုံသက်သက်တွေ့ချင်တာပါ။ ဘာရယ်မဟုတ်ပါဘူး…’
‘အင်မင်းဟာကြီးကလဲ…’
‘ကဲကဲထားတော့.. ဟိုတစ်နေ့က ရွာနောက်ပိုင်းက အရက်သမား နေကြီး ရွာနောက်ကတောအုပ်ထဲကနေ ပုဆိုးမပါပဲ သွေးရူးသွေးတန်းနဲ့အော်ပြီးပြေးထွက်
လာတာ…အတင်းဖမ်းမေးတော့ တစ္ဆေ တစ္ဆေ လို့ပဲတွင်တွင်အော်နေတာ..’
‘အဲဒါမင်းလည်းတစ္ဆေ တွေ့ချင်ရင် ရွာနောက်ကတောအုပ်ထဲကိုသွား’ ဆိုလို့
ကျွန်တော်ထွက်လာခဲ့တာပါ။
ညခင်းလေးသာ လေညှင်းကညင်
ကြင်နာသူရေ ခြေခင်းလက်ခင်းလဲ
သာချင်ရဲ့..
ဘာရယ်မဟုတ် ကဗျာတစ်ပုဒ်ရွတ်ကြည့်တာပါ။ ရွာမြောက်ပိုင်း ယိမ်းနွဲ့ပါး အငြိမ့်က နိုင်ငံကျော် မင်းသားလေး ကိုနေ ဆိုတဲ့ လက်တန်းကဗျာလောက်တော့ဘယ်ကောင်းမလဲနော်။ ကဗျာငြီးရင်းနဲ့
တောနက်ထဲတောင်ရောက်လာပြီ။ လေပြေတစ်ချက်အဝှေ့မှာ ကြက်သီးလေးတွေတောင်ထလာရဲ့။
ပြောရင်းဆိုရင်းနဲ့ ရှေ့မှာ မီးရောင်လက်လက်မြင်နေရတယ်။ သစ်ခုတ်သမားတွေရဲ့တဲက မီးရောင်
များလား။ ကျွန်တော်အနားရောက်သွားတော့ ခေါင်းမြီးခြုံ ပြီးလူတစ်ယောက်ထိုင်နေတယ်။
ကျွန်တော်က လူလို့ထင်တာနော်။ တစ်ချို့ဆို ထင်တောင်မထင်ရဘူးဗျာ ဘယ်လိုကြည့်ကြည့်လူ
နဲ့ကိုတူတာ..လူလိုမျိုးပဲ သွားတာ လာတာ နေတာ ထိုင်တာ။ အဲ ခက်တာကလူမဟုတ်ဘူးဗျ။
ကဲထားတော့… ကျွန်တော် ခေါင်းမြီးခြုံတဲ့လူကိုခွင့်တောင်းပြီးသူ့ရှေ့မှာဝင်ထိုင်လိုက်တယ်။
တစ်ကယ်တမ်းတော့ သူ့ရှေ့မှာဝင်သာထိုင်ရတာ သူကခွင့်ပြုလား ခွင့်မပြုဘူးလားတောင်မသိဘူး။
ကျွန်တော်ခွင့်တောင်းတော့ သူက အင်းမလုပ် အဲမလုပ် သိတယ်မလား ခေါင်းမြီးခြုံလုံပါပေ့လေ..
ဘယ်ရမလဲ ကိုယ်ကလဲ မပြောမီကလုပ်နှင့်သည်ပေါ့… ဟဲဟဲဟဲ….
‘လလေးကသာ…ညလေးကလဲလှတယ်နော်..’ ‘ စကားမစပ်ခင်ဗျား ထင်းလာခွေတာလား…’
‘မဟုတ်ဘူး ငါလူတစ်ယောက်ကိုစောင့်နေတာ..’
သူ့ဆီက အက်ကွဲကွဲ အသံတစ်ခုကိုကျွန်တော်စကြားရပါတယ်။ တစ်ကယ်ပါတိုးတိုးညှင်းညှင်းနဲ့
ဟိုးအဝေးဆီကပြောနေသလိုပဲ။
‘မင်းတစ္ဆေ တွေ့ချင်လို့တောထဲလာတာမလား..’
ကျွန်တော် တော်တော်လေးအံ့အားသင့်သွားတယ်။
‘ခင်ဗျားဘယ်လိုလုပ်သိလဲ..’
ခေါင်းမြီးခြုံအောက်ကနေမပွင့်တစ်ပွင့်ရယ်သံတစ်ချို့လွှင့်ပျံ့လာတယ်။
အခန်း(၃)
‘မင်းပုံစံက တောထဲလာပြီးထင်းခွေရအောင်လဲ ထင်းခုတ်ဓါးမပါဘူး၊ မုဆိုး လဲမဟုတ်ဘူး၊
လက်နှိပ်ဓါတ်မီးတစ်လက်နဲ့တောထဲလျှောက်သွားနေရအောင်လည်း မင်းက ရပ်ကွက်လူကြီး
မဟုတ်ဘူး။ ကင်းသမားလဲမဟုတ်နဲ့…’
ကျွန်တော် အံ့သြပြီး အံ့သြနေတော့တာပဲ။
သူ့ပုံစံက ရွာအရှေ့ဖျားက တရားထောက်ဆရာ ဘကြီး သုစံ လိုပဲ ရုပ်တည်ကြီးနဲ့ပြောနေတာ။
စကားမစပ် ဘကြီးသုစံ တို့ရုပ်တည်ကြီးပြောပုံကို ပြောပါတယ်…သူကလဲတစ်ခါတစ်ခါ
ရွှတ်နောက်နောက်ရယ်.. ရုပ်တည်ကြီးနဲ့…
တစ်ခါက ရွာက ကြီးတော် တစ်စု ဘကြီးအိမ်ရောက်လာပြီး ဘကြီး မိန်းမ ဘကြီးကတော်နဲ့
စကားဖေါင်ဖွဲ့လေရဲ့.. ဘကြီးကတော့ သိတယ်မလား ရုပ်တည်ကြီးနဲ့။
အဲဒီမှာ ကြီးတော် တစ်ယောက်က စကားမစပ် ဘကြီး ကိုမေးပါလေရော..
‘အဘ. ရွာဦးကျောင်းဆရာတော်ဆီမှာ ငှက်ပျောသီးတွေရယ်. လှလိုက်တာဝလို့ဖီးလို့
ဘယ်သူများလာကပ်သွားတာလဲ..’
‘မနေ့ကကောင်မလေး…’
သိတယ်မဟုတ်လား ဘကြီးကရုပ်တည်ကြီးနဲ့ တစ်ခွန်းထဲကိုဖြေတာ…
‘ဘကြီး အိမ်ကဘုရားစင်မှာလဲ ငှက်ပျောသီးတွေ ကပ်ထားတာလှလိုက်တာ။
ဘယ်က၀ယ်တာလဲဟင်.ကျမလဲလိုချင်လိုက်တာ..’
တစ်ခွန်းထဲနော်… ‘စွန့်သွားတော့နေခြည်’
‘အဲ…’
‘စကားမစပ် အဘရေ ဆရာတော်တရားပွဲ လုပ်မယ်ကြားတယ် ဘယ်ညလဲဟင်..’
‘မြို့ဝင်ည..’
‘ဘယ်လမ်းမှာလဲ..’
‘အ၀ါရောင်လမ်း….’
ကြီးတော်တွေလဲ မေးသာမေးရတာ အမ်းတန်းတန်းနဲ့။ ဘကြီးပြောတဲ့ ည၊ ဘကြီးပြောတဲ့လမ်း
သူတို့ လုံးဝမသိ၊ ပြန်မေးရအောင်ကလဲ ဟိုကရုပ်တည်ကြီးနဲ့ကို ပြောနေတာဆိုတော့ခက်သား။
အဲဒီမှာ ဘကြီးကတော်က.. ‘ရှင့်မလဲ တရားပွဲတွေနောက်လျှောက်လိုက်၊ ရပ်ရေးရွာရေးလျှောက်လုပ်
နဲ့ တော်ကြာအိမ်နဲ့ ကျမကိုမေ့သွားဦးမယ်။’
တစ်ခွန်းထဲပဲ.. သိတယ်မလားရုပ်တည်ကြီးနဲ့.. ‘မင်းမှမင်းပဲ…’
‘သြော် ဘကြီးသမီးလေးမမြင်ပါလား…’
‘ငါ့သမီးစာကျက်နေတယ်…’
‘ဒါဆိုလဲ ကျမတို့ပြန်လိုက်ဦးမယ်..’
‘အရေးမကြီးဘူး…’
မပြန်ခင်ကြီးတော်တစ်ယောက်ကမေးသွားသေးတယ်။ ဘကြီးနော် ရုပ်တည်ကြီးနဲ့ကိုရွတ်နေတာ။
‘ဘကြီးရေ ဆရာတော်ကဘာတရားဟောမှာလဲ..’
‘ရင်ခုန်ရလွန်လို့ရူးမှာပဲ…’
‘ဘယ်အချိန်ထိတိုင်အောင်ဟောမှာလဲဟင်..’
‘ကြယ်တွေကြွေသွားထိတိုင်…’
ကြီးတော်တွေလဲ အိမ်ပေါ်ကကိုဆင်းပြေးရောပဲ။ ဘကြီးက အဲဒီလို ကို ရုပ်တည်ကြီးနဲ့ ကို
နောက်တာဗျို့။
အခန်း(၄)
‘မင်းက တစ္ဆေ တွေ့ချင်တယ်ဆိုတော့ တစ္ဆေ ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်ကလာတာလဲ စသဖြင့်
ဘယ်လိုနားလည်ထားလဲ။ ‘
‘အိုဗျာခက်တာလိုက်လို့ လူသေပြီးရင်တစ္ဆေ ဖြစ်တာပဲ..’
‘ဟားဟားဟား မင်းမှားနေပြီ မသေပဲနဲ့ တစ္ဆေ ဖြစ်နေတဲ့သူတွေအများကြီးပဲ။’
‘ခင်ဗျားဟာကလဲ ဟုတ်မှလဲလုပ်ပါဗျာ။’
‘မင်းစဉ်းစားကြည့်စမ်း လူတစ်ယောက် အပြင်ပန်းကြည့်ရင် လူကြီးလူကောင်း၊ ဘုရားဒါယကာ
ကျောင်းဒါယကာ။ အတွင်းစိတ်က တော့အပြင်ပန်းနဲ့တခြားစီ၊ ဘယ်အချိန်သူများအပေါ်အကောက်
ကြံလိုက်ရမလဲ၊ ဘယ်လိုဖျံကျလိုက်ရမလဲ၊ ဒါတွေပဲစဉ်းစားနေတာ။ အဲဒီ လူတွေကိုက မသေခင်ထဲ
က တစ္ဆေ ဖြစ်နေကြတာကွ။ ‘
အင်းသူပြောတာလဲဟုတ်တာပဲ။ လောကကြီးမှာအဲ့ဒီလိုလူတွေလည်းအများသား။
သူကဆက်ပြောတယ်။
‘အေးအဲဒီလိုလူတစ္ဆေတွေအပြင် မသိစိတ်ကတစ္ဆေဖြစ်နေတဲ့လူတွေလည်းအများကြီးရှိတယ်။’
‘ဥပမာငါ့ကိုပဲကြည့်… ‘
ကျွန်တော့် နှုတ်ဖျားမည်သည့် စကားလုံးမှထွက်ကျမလာပါ။
အားလို့လန့်အော်ဖို့တောင် စကားလုံးရှာမရဖြစ်နေပါတယ်။
ဟုတ်ပါတယ် ခေါင်းမြီးခြုံအောက်ကလူဟာ ကျွန်တော်ပါပဲ။
‘မင်းသိပ်မအံ့သြသွားနဲ့ မင်းရဲ့မသိစိတ်ထဲကတစ္ဆေ ဟာငါပဲ။
မင်းလိုပဲ လူတိုင်းလူတိုင်းရဲ့ မသိစိတ်ထဲမှာ တစ္ဆေ တစ်ကောင်ကိန်းအောင်းနေတယ်။
ရှင်းအောင်ပြောရရင် မင်းနဲ့တွေ့တဲ့အချိန်မှာ မင်းငါ့ကိုမေးတယ်။ ထင်းခွေလာတာလားလို့။
ငါကလူတစ်ယောကိုစောင့်နေတာလို့ဖြေတယ်။ အမှန်တော့မင်းကိုစောင့်နေတာ။
အဲဒါပဲ မင်းရဲ့မသိစိတ်ထဲ ကတစ္ဆေ ကမင်းကိုခြောက်လှန့်လိုက်တာ။ ဘာမှမကြာလိုက်တဲ့
အချိန်လေးအတွင်းမှာ မင်းရဲ့မသိစိတ်ထဲက ဥာဉ်ဆိုးလေး ဟာတစ္ဆေ တစ်ကောင်အဖြစ်နဲ့
နိုးကြားလာပြီး မှန်နေတဲ့လောကကြီးကို တဒင်္ဂ မှားစေလိုက်တာပဲ။ မင်းလိုပဲ လူတိုင်းရင်ထဲက
တစ္ဆေ ဟာ မိနစ်တိုင်းအချိန်တိုင်းမှာ လောကကြီးကိုခြောက်လှန့်နေတယ်။
ကျွန်တော်ခေါင်းငိုက်စိုက်ချပြီး သူ့ရှေ့ကနေလှည့်ထွက်လာခဲ့ပါတယ်။
ရယ်သံတစ်ချို့ ကကျွန်တော့်နောက်မှာလွင့်ပျံ့ကျန်ခဲ့ပါတယ်။
ခင်ဗျားတို့လည်းဘ၀မှာတစ်ကြိမ်တစ်ခါမှားဖူးမယ်။ အဲဒီအမှားကိုနောင်တရလို့ လောကကြီး
အလယ်မှာခေါင်းငိုက်စိုက်ချမိမယ် ဆိုရင် ရယ်သံတစ်ချို့ကိုကြားရလိမ့်မယ်။ အဲဒီ ရယ်သံတွေ
ဟာ ခင်ဗျားတို့ရင်ထဲက ခပ်ဆိုးဆိုးတစ္ဆေ တစ်ကောင်ရဲ့ လှောင်ရယ်သံတွေပဲ ဖြစ်လိမ့်မယ်ထင်တယ်။
မိုးကြယ်
Friday, June 13, 2008
နေအိမ်မက်ရဲ့ ကဗျာ
ကိုနေ: a he
chat charr gyeee
luu gyooooooooooo!!!!!!!!!!!!!!!!!
Sent at 4:14 PM on Friday
အိပ်မက်ရှင်: :)
ချက်ရင် ... ကျက်ရင် ခေါ်လိုက်
ကိုနေ: သက်ရင်မှာနေဖို့...
အိပ်မက်အရင်မက်လိုက်ဦးမယ်ဗျာ....
:D
good lar hehe....
လက်တန်းကဗျာ...
:D
အိပ်မက်ရှင်: လက်တန်းကဗျာ
စပ်စမ်းပါ ဘာညာနဲ့
သာဒကာ အပိုဆောင်း
ဖောရှောရိုက်ဖို့ကောင်း မှကောင်း
ကိုနေ: အဟောင်းတွေကိုရှောင်လိုက်တော့...
ပေါ့ပေါ့လေးပဲလွင့်လိုက်မယ်...
လေချည်မျှင်ထဲဝယ်....
:D
အိပ်မက်ရှင်: မျောနေလည်း မထူး
ဆည်ဖို့လည်း စိတ်မကူး
မရူးခင်လေးတော့
ခပ်ပေါ့ပေါ့ပဲပေါ့ကွယ်
အိပ်မက်ရှင်: ချစ်တယ် ... တဲ့ ... :)
ကိုနေ: ရယ်စရာလို့သာမှတ်လိုက်တော့...
အချစ်တို့ပေါ့နေရင်...
ညင်ညင်သာသာပဲ....
ကြေကွဲမယ်........
ကုဒ်ဒင်လိုင်း၅၄ မှာ...
အထာမမိုက်တဲ့...
error အမှိုက်တက်နေတာမို့....
ကွန်ပြူတာကြီး....မီးရှို့ လို့သာပစ်ချင်တယ်
ကယ်ပါဦးကွယ်..... :(
အိပ်မက်ရှင်: ဒါပေမယ့်
မင်းတစ်ယောက်အတွက်
မီးရှို့လိုက်ပေမယ့်
တစ်ဖက်ခုံခြား
မလေး မလေးအား ...
ထိသွားမလား စိုးမိတယ်
ကိုနေ:့ hahahahaha
:D
taw b
:D
lannn del...
hehe
အိပ်မက်ရှင်: လန်ပါတယ်
ပျံပါမယ်ဆိုမှ
သတိက ရလာတယ်
သူ့ရဲ့ အနမ်း
ခပ်ကြမ်းကြမ်းလေးကိုပေါ့.. :D
ကိုနေ: လမ်းတွေမှာ...
ညှာညှာတာလက်ကိုတွဲ....
ထာဝစဉ်တို့မြဲမယ်....
အိပ်မက်ရှင်: ညတွေမှာ
မင်းမပါ ငါ့တစ်ယောက်တည်း
အသက်ရှုလည်းရပ်
သွေးမလှည့်ပတ်လည်း
တစ်သက်တာ
ပစ်မထားပါကွယ်
ကိုနေ: ထားချင်လဲထား....
အငှားရင်နဲ့ လဲ..မပျော်ချင်...
ရင်ခွင်မှာ အစဉ်ရှိနေယုံနဲ့တင်....
ကျေနပ်တယ်....
အိပ်မက်ရှင်: ကျေနပ်လည်း ကျေနပ်
အသေမသတ်တာပဲ မျှော်လင့်
စိတ်တထင့်ထင့်နဲ့
အသင့်ညနေစောင်းမှာ
အလွမ်းမပါ
အိမ်မပြန်ချင်တာ မင်းအသိ ...
Sent at 4:28 PM on Friday
ကိုနေ: မရှိအတူရှိအတူပေါ့....
မလျော့သောမေတ္တာ...
ကြင်နာရင်အပြည့်.....
မင်းရှေ့ အစဉ်သာ...
ကာကွယ်မယ်....
အိပ်မက်ရှင်: မရှိမကောင်း ရှိမကောင်း
အရင်ရှေးဟောင်းဘယ်လောက်ကောင်းလည်း
တစ်ယောက်အသိ တစ်ယောက်မထိ
နားလည်းမှုဆိုတာ နတ္ထိဆို
မင်းတစ်ယောက်ကို (ပိုတာမဟုတ်)
လိုတာ အဟုတ်ပေးပါ့မယ်
ကိုနေ: ထုတ်သာထားလိုက်တော့
အပူအပင်တွေ...
မြူတမျှင်မှ...မခစေရဖူး....
အရူးအမူးသာ..
အညှာလွယ်လို့ပြောချင်ပြော...
တော်ယုံနဲ့တော့....
သားချော့တေးမငြီးဖူး....
ရှေးကဗျာတပုဒ်..ထူးခြားတယ်
အိပ်မက်ရှင်: ကဗျာတွေ ဖန်တီး
ကဗျာနဲ့ နီးအောင်လုပ်
ကဗျာအတွက် အသက်ရှုထုတ်
ကဗျာကို လက်တစ်ဆုတ်နဲ့ ဖက်တွယ်
မျက်ကွယ်ကို မထား
ချစ်ခြင်းအားဖြင့် တွယ်ညိ
အတွင်းသားထိ သူရှိမှာ
နှလုံးသား
အနက်ရှိုင်းဆုံး ထဲ ... ထားလိုက်ကွာ
ကိုနေ: ဒီconversation ကိုဖြင့်....
ပင့်သက်မရှိုက်ခင်.....
blogger မှာတင်လိုက်တော့မယ်.....
အဟုတ်တကယ်....
:D
Sent at 4:39 PM on Friday
အိပ်မက်ရှင်: လုပ်မယ်ဖြင့် စိတ်ကူး ...
သိပ်ကို ထူးမယ့်အဆင်
အများအမြင်ဝယ်ထူး
အရူးများလို့ မြင်
တကယ်လို့ ပြောခဲ့ရင်ဖြင့်
(ပြောလိုက်ပါကွာ ... သူတို့ကို...)
အမှန်တရား ...
ကဗျာများ ပိုင်းခြားထားပါတယ် ... လို့
ကိုနေ နှင့် အိပ်မက်ရှင်
မှတ်ချက်။ ။gtalk conversation မှ တိုက်ရိုက်ဖော်ပြပါသည်။
Thursday, June 12, 2008
အလှည့်
ဒီအိပ်မက်ကို
မင်းတယောက်ထဲပိုင်လို့ရမလား….
မပိုင်ချင်ရင်လဲ…
ဆိုင်တာကတော့ဆိုင်ရဦးမှာပဲ….
ပွဲမပြီးခင်လက်ခေါက်မမှုတ်နဲ့…
အရှုံးရှိရင်တော့…
အပြုံးရှိလာမှာပေါ့…..ဒီလိုပဲပေါ့…
အမုန်းနဲ့ဖက်ပြိုင်ပြီး
ဒီတေးကိုမင်းဆိုငြီးချင်လဲရတယ်….
ကမူးရှုးထိုးနဲ့….
ရှုးသိုးသိုးကြည့်မနေနဲ့…
အတိအကျသာကမ္ဗည်းထိုးခဲ့လိုက်
ဒီညကိုဘယ်သူမှမပိုင်ဖူး….
နှင်းကွဲရင်တော့..နေမြဲမယ်….
အလှည့်ဆိုတာ…နေရာတိုင်းမှာ..ရှိတယ်….
ကိုနေ(၀၃.၀၆.၂၀၀၈)
ကဲ..ဘာကိုရွေးမလဲ
You Would Choose Money |
![]() You know that love doesn't always last forever - but money can. Why bother with jealousy, petty fights, and hurt feelings? You rather just go shopping! And while marrying for money may be lonely, you'll always be well dressed, well traveled, and well fed. |
ဘာကပိုအရေးကြီးတယ်ထင်ကြပါလဲ...ခက်ခဲတဲ့ဆုံးဖြတ်ချက်တခုဖြစ်မယ်ထင်ပါတယ်.....ပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်...
Tuesday, June 10, 2008
အချော့တော်
အမုန်းမဖက်ပဲ…
အပြုံးနဲ့..ခွင့်လွှတ်စဲ….
ထဲထဲဝင်ဝင်ချစ်ခဲ့မိလို့လား….
ငါ့နှလုံးသား
ရင်ခုန်သံမှားခဲ့တာ….
အပြုံးရဲ့ ရဲ့ …
အမုန်းနဲ့ပဲ…
ထိုက်တန်တယ်ဆိုရင်တော့….
အချော့တော်တေးနဲ့
ငဲ့ကြည့်ခွင့်ရအောင်ပေါ့
ကြိုးစားပါ့မယ်…..
ကိုနေ(၁၀.၀၆.၂၀၀၈)
Wednesday, June 4, 2008
Tuesday, June 3, 2008
အနမ်း
အစွန်းရောက်တယ်ပဲပြောချင်ပြော
အိပ်မက်ထဲမှာတောင်အပျောက်မခံနိုင်ဖူး….
ရင်ထဲအရောက်သာလာခဲ့ပါ…
အပြာရောင်နှုတ်ခမ်းစပ်မှာ….
အနမ်းသက်သက်နဲ့သာကြိုနေမှာပါ…
ကိုနေ(၀၃.၀၆.၂၀၀၈)
ထုဆစ်စဲနေချည်
အတုအစစ်ခွဲမနေနဲ့ပေါ့..
သူငယ်ချင်း
အခင်းအကျင်းကောင်းမှ
ညနှောင်းကိုမင်းကြိုရင်
မိုးညိုမှာစိုးတယ်
အဟောင်းအသစ်နဲ့
ညစ်ကျယ်ကျယ်ကောင်လေးတစ်ယောက်တော့
မဟုတ်ပါဖူး….
အရူးအမူးနဲ့
ဖူးသစ်စဲနေချည်ထဲပဲ
ဦးခိုက်မယ်…..
ကိုနေ(၂၅.၀၅.၂၀၀၈)