Thursday, September 11, 2008

သေဖို့(၁၀)ရ၀ာ်သာလိုတော့သည်။

ညီမလေး သွန်းသွန်းက တက်ထားတော့လည်းရေးရပေမပေါ့။
ရေးသာရေးရမှာ နည်းနည်းတော့ကျောချမ်းသဗျ။ ဘာပဲဖြစ်ဖြစ်ရေးပြီဗျာ။


(၁၀)ရက်အလို > သူငယ်ချင်းတွေကိုနှုတ်ဆက်မယ်။ Johnnie Walker
ကိုစီးရီးလိုက် သောက်ပစ်လိုက်မယ်။ ဘာရမလဲ။ သောက်နေရင်းနဲ့ ကိုယ်လုပ်ခဲ့
တဲ့ မကောင်းမှု၊ ကောင်းမှုတွေကိုပြန်သုံးသပ်မယ်။

(၉)ရက်အလို > ဇောချွေးနည်းနည်းပြန်လာပြီ။ နောက်(၉ )ရက်နေရင်
သေတော့မှာဆိုတော့ အခုကထဲက အိပ်ဆေးတွေသောက်လိုက်မယ်။
(၁၀)ရက်ကျော်သွားတော့လည်း မနိုးသောအိပ်ချင်းပေါ့။ သေတာတောင်သိလိုက်
မည်မထင်။

(၈)ရက်အလို > ၀ါး… မိုးလင်းနေပြီ။ အိပ်ဆေးအတုမိသွားတယ်။
ကဲကာင်းရော..အလုပ်သွားဖို့ပြင်ဆင်တော့။ ဘ၀ဆိုတဲ့ ဒုက္ခတွင်းကြီးထဲ
ကိုဆင်းရပြန်ပေါ့။

(၇)ရက်အလို > အလုပ်နဲ့လက်မပျက်ဆိုတော့ သေမှာကိုတောင်မေ့နေတယ်။
လောကကြီးကဒီလိုပါပဲ တစ်ခါတစ်လေကျတော့လည်းကိုယ့်ဘက်ကရပ်တည်
ပေးတယ်။ သတိရမိချိန်တော့ ချွေးနည်းနည်းစို့လာသလိုပဲ။

(၆)ရက်အလို > ငရဲမင်းကပြောတယ် ငရဲပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမယ်တဲ့။
သိကြားမင်း က နတ်ပြည်မှာ နိုင်ငံသားခံယူခွင့်ပေးမယ်တဲ့။ ဘယ်ကိုရွေးရမလဲ။
အဆောက်အဦးကောင်းကောင်းတွေရှိတဲ့ နတ်ပြည်လား၊
အပေါင်းအသင်းတောင့်တဲ့ ငရဲပြည်လား။

(၅)ရက်အလို > ဗေဒင်ဆရာဆီသွားမယ်။ သေတာတော့သေမှာပဲ ဒါပေမဲ့
သေဖို့ရက်ကလေးနောက်နည်းနည်းဆုတ်သွားအောင် ယတယျာတောင်းမယ်။

(၄)ရက်အလို > ချစ်သူက shopping သွာမယ်တဲ့။ ယတယျာတောင် မခြေလိုက်
ရ။

(၃)ရက်အလို > ရစရာရှတဲ့အကြွေးတွေလိုက်တောင်းမယ်။ ပေးစရာရှိတာတွေ
နောက်ဘ၀မှဆပ်မယ်။

(၂)ရက်အလို > ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမယ်။ စားရမလိုလို သောက်
ရမလိုလို ဖြစ်နေမယ်။ ဘာတွေများပြင်ဆင်စရာကျန်သေးလည်းလို့တွေးနေမယ်။
ဘယ်သူ့ကိုများနှုတ်ဆက်စရာကျန်သေးလည်း ဆိုပြီး မသေခင်ပြုစုထားတဲ့
နှုတ်ဆက်ရန်လူများ စာရင်းကို ကြည့်နေမယ်။ နာရေးကြော်ငြာကိုဘယ်လိုလှ
အောင်ရေးရမလဲလို့တွေးနေမယ်။ ဟိုလူ့ကိုစိတ်ပူမယ်။ ဒီလူ့ကိုစိတ်မချဖြစ်
နေမယ်။ တစ်ယောက်ထဲပျာယာခတ်နေမယ်။ အဲဒီလိုနဲ့

(ဒီနေ့) > ဟာဒီနေ့ဘာနေ့လဲ ပြက္ခဒိန်ကြည့်မှပဲ… ဟိုက်
သေပြီဆရာ။။

ကျွန်တော်ရေးတယ်လို့မထင်ဘဲ လူထဲကလူတစ်ယောက် သာမာန်အတွေးအခေါ်
နဲ့ရေးတယ်လို့ နားလည်ပြီး ခံစားပေးပါ။
ကဲကျွန်တော်လည်းပြန်တက်လိုက်ဦးမယ်…

ကဗျာတွေကိုချစ်တဲ့ ညီမလေးခေးရော့ဇ်
ကိုကဒေါင်းကြီး
ကိုမိုးမောင်(Happy Cloud)
အိပ်မက်တွေကို ကန်ထရိုက်ဆွဲထားတယ်ဆိုတဲ့ September Dream

စောင့်မျှော်ဖတ်ရှုနေပါ့မယ်။

မိုးကြယ်

3 comments:

MrDBA said...

ဟီးဟီး တကယ်ဆို အဲလိုလုပ်နိုင်မှာ မဟုတ်ဘူးနော် ..စကားမစပ် ရွှေတိဂုံပုံကို ပုံကြီးရှိတားဟင် လိုချင်လို့ပါ

thonn thonn said...

အမယ် အမယ်..သူက ကိုယ့်နာရေးလှတပတဖြစ်အောင် ကိုယ်တိုင်စီစဉ်သွားဦးမယ်ပေါ့။ အကြံလည်းကြီးပါပေ့။ :P
ွှThank a lot, bro!! :)

Chaos said...

အစ်ကို့ခေါင်းစဉ်ကလဲ ကျောချမ်းစာရာကြီးပါလား
မီးမီးငယ်သေးတယ်။ သေချင်သေးဘူး။ ဟင့်ဟင့် :waa