Tuesday, September 16, 2008

အဆိပ်သင့်ဖူးတဲ့ ညနေ

ကျနော့်လက်ထဲက လက်ဖက်ဇွန်းလေး အရမ်းကို ပေါ့ နေပါလား….
ငြုပ်သီးစိမ်း ကလဲ ပူရှရှပဲ ဖြစ်သွားတယ်…..

“ညီလေးရေ..လန်ဒန်တပွဲလောက်ကွာ…”

အချိန်က ညနေ ၆ သာသာ…

ဆိုင်နာမည် က “လရိပ်” … ဘေးနားမှာ စာရင်းကိုင် ရုံးချုပ် ကြီးက အိုကြီးအိုမနဲ့ နွေတညနေရဲ့  ပူလောင်မှု ကိုသူ့ ခြံဝင်း ထဲ က..အပင်ကြီးတွေ ရဲ့  လောင်းရိပ်ကိုခိုလျက် အိုက်စပ်စပ်နဲ့ ငိုက်မြီးနေစဲ….

ကူရှင်ကျောင်းက နာရီစင်အိုကြီးကတော့ အငြိမ်းစား ယူသွားတာ ကြာပေါ့….

ကျနော့် စိတ်တွေက လေထဲ ရောက်နေသလို….ဟိုလိုလို ဒီလိုလို……

နှု တ်ခမ်းဖျား က စီးကရက်ကို မီးတောက် လောင်မြိုက် အပြီး… ရှိုက်သွင်းလိုက်တော့…နှလုံးသားထဲ အထိ…..

ရေနွေးကြမ်းတခွက် မော့သောက်လိုက်တော့… လေအလျင်လား… ငလျင်များလား…
ကျနော့်သွေးကြောတွေကို ပုတ်ခတ် လှုပ်နိုးသွား ကြတယ်

အိုးဟိုးဟိုး…စိတ်တွေ သိပ်ပေါ့ပါးနေပါလား….

ကျနော့်လက် ထဲက စီးကရက် ခပ်ပြင်းပြင်းကတောင် အရာမထင်…

ညနေခင်းကတော့ ကျနော့်အထင် အရောင် ပြင်းပြင်းနဲ့ တောက်ပ လျက်…..

ကိုနေ(၁၆.၀၉.၂၀၀၈)

1 comment:

မသက်ဇင် said...

ရေနွေးကြမ်းတခွက် မော့သောက်လိုက်တော့… လေအလျင်လား… ငလျင်များလား…
ကျနော့်သွေးကြောတွေကို ပုတ်ခတ် လှုပ်နိုးသွား ကြတယ်

အင်း ---အရက်မဟုတ်ပဲ ရေနွေးကြမ်းတခွက်
သောက်တာ ငလျင်လို့တောင်ထင်ရအောင်
သွေးကြောတွေ လှုပ်နိုးသွားကြတယ်နော်---
ကောင်းလိုက်တာ---- အတွေးဆန်းတယ်---
နောက်ရက်တွေ မှာ ကဗျာတွေ လာဖတ်အုံးမယ်
ကိုနေတို့ ညီအစ်ကိုရေ ----
ခင်မင်တဲ့
မသက်ဇင်