Tuesday, September 16, 2008

အနက်ပျောက်ကဗျာများ

ရည်မှန်းချက်တွေပြန်ပေးပါ…
မင်းတို့ လုယူသွားတဲ့ မနက်တွေကို….

အမှောင်ထဲ မှာ နက်နေတဲ့ ညများ…
မှားပြီးရင်းမှား လဲ မငဲ့နိုင်တော့….

တို့ ရဲ့ ဘ၀ကဘာလဲ…
အလဲလဲ အပြိုပြို နဲ့
ဟိုမှာ ကဝေအိုတွေများလား

ဟိုဖက်ကမ်းက ဟားတိုက်ရယ်သံ..
တို့ က မပိုင်တော့…မော့လို့သာကြည့်နေ့မယ်
ကောင်းကင်ပျိုရယ်….

ကိုနေ(၁၀.၀၉.၀၈)

2 comments:

လင်းဦး(စိတ်ပညာ) said...

"ဟိုဖက်ကမ်းက ဟားတိုက်ရယ်သံ..
တို့ က မပိုင်တော့…မော့လို့သာကြည့်နေ့မယ်
ကောင်းကင်ပျိုရယ်…. "

ကောင်းတယ်ဗျာ။ ခံစားမှုကို ဟပ်နေတာပဲ..

thonn thonn said...

ကဗျာလေး ကောင်းတယ်။ :)