Wednesday, September 17, 2008

ဒီဇင်ဘာ

စရွေးမကိုက်တဲ့
ပြူတင်းတစ်ပေါက်
ဖြတ်လာတဲ့ အလင်းရောင်က
ခပ်ကောက်ကောက်
ငါ့အခန်းမှာပါ ။

မျက်နှာကိုတွန့် လိမ်ပြီး
ငါ့ကို ပြုံးပြစမ်းပါ..
ပြို့ တက်နေတဲ့ ရင်ဘတ်
ကာရံအဆက်အစပ်ကို
မင်းအတွက်ကုတ်အင်္ကျီ
တစ်ထည်တော့ ရတန်ကောင်းပါရဲ့  ။

ရူးသွပ်တဲ့ လေနဲ့ ဆောင်း
အသက်ငင်နေတဲ့လမ်းသွယ်တွေ
အမြင်မကြည်တဲ့ မျက်မှန်တစ်စုံနဲ့ 
အို... သဘာဝ...
သင်ကို ငါတို့ ကြိုဆိုပါ အံ့ ။ ။

အငယ်လေး

3 comments:

မသက်ဇင် said...

မျက်နှာကိုတွန့် လိမ်ပြီး
ငါ့ကို ပြုံးပြစမ်းပါ..
ပြို့ တက်နေတဲ့ ရင်ဘတ်
ကာရံအဆက်အစပ်ကို
မင်းအတွက်ကုတ်အင်္ကျီ
တစ်ထည်တော့ ရတန်ကောင်းပါရဲ့  ။

ဒီစာပုဒ် လေးက ကောင်းလိုက်တာ---
ကိုနေနဲ့ ကိုမိုးကြယ် ညီအစ်ကို ပဲ မသက်ဇင်က
သိထားတာ-- အငယ်လေးကရော
ညီအစ်ကိုပဲလား

အားပေးပါတယ်ရှင်---

thonn thonn said...

ရူးသွပ်တဲ့ လေနဲ့ ဆောင်း
အသက်ငင်နေတဲ့လမ်းသွယ်တွေ
အမြင်မကြည်တဲ့ မျက်မှန်တစ်စုံနဲ့ 
အို... သဘာဝ...
သင်ကို ငါတို့ ကြိုဆိုပါ အံ့ ။ ။


ဒါလေး ခိုက်တယ်ကွ။

Anonymous said...

ကဗျာက တစ်မျိုးပဲနော်.. ဒီဇန်ဘာကို ကြိုဆိုတာလား.. ပထမဆုံးအပိုဒ်ကို ကြိုက်တယ်.. =)