Friday, September 19, 2008

ကမ္ဘာမြေသို့နှုတ်ဆက်ခြင်း

ပြုံးရယ်ပါ
လက်တစ်ဖက်ကိုဝှေ့ယမ်းပါ
ငြိမ်းအေးပါစေ
ငါတို့အိမ်ပြန်ကြစို့
သန်းခေါင်ယံကို ထုပ်ပိုးပြီးယူသွားပါ
ငိုက်မြီးချင်းတွေရဲ့အဆုံးမှာ
အိပ်ပျော်ခြင်းကို
နှစ်ခြိုက်စွာရှာဖွေတွေ့ရှိပါစေ။
……………
…………………..
ကျေးဇူးပါ သူငယ်ချင်း
တစ်ညစာအတွက်တော့
ငါ့မှာ အိပ်မက်တွေ
လုံလုံလောက်လောက်ရှိပါတယ်။။

မိုးကြယ်

2 comments:

မသက်ဇင် said...

ငိုက်မြီးချင်းတွေရဲ့အဆုံးမှာ
အိပ်ပျော်ခြင်းကို
နှစ်ခြိုက်စွာရှာဖွေတွေ့ရှိပါစေ။

ဒီအပုဒ်လေးကိုကြိုက်တယ်-----
အနုပညာတွေ ဆက်ဖေါ်ထုတ်နိုင်ပါစေ---
ခင်မင်တဲ့
မသက်ဇင်

thonn thonn said...

ဖတ်လိုက်ပြီး အေးချမ်းတယ်