Saturday, September 20, 2008

ဂန္တ၀င်ပြဇာတ်

ကျုပ်ဟာအခင်းအကျင်းမကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ပါ။
ဇာတ်အိမ်ကြီးသလောက်ဇာတ်ကောင်တော့မရှိသလောက်ပဲ။ လှလှပပ
တန်ဆာဆင်ထားတဲ့ စကားလုံးတွေနဲ့ဖာင်းကြွနေပေမဲ့ ဘာအနှစ်သာရမှမရှိဘူး။
ကျုပ်ဟာလူတွေကိုရယ်မောစေခဲ့တယ်။အသက်မပါစေခဲ့ဘူး။
ကျုပ်ဟာလူတွေကို ငိုကြွေးစေခဲ့တယ်။ အသက်မပါစေခဲ့ဘူး။
အတ္တကြီးခြင်း၊ ခက်ထန်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းတွေဟာကျုပ်ရဲ့
ပေါများလှတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေပဲဆိုရင် ကျုပ်ဟာဇာတ်လမ်း
အမျိုးမျိုးခင်းပြီးကပြခဲ့တာလည်းအကြိမ်ပေါင်းမနည်းဘူး။
ကျုပ်ဟာခံစားချက်ကင်းမဲ့တယ်။
ကျုပ်ဟာပေါ့ပေါ့တန်တန်ပဲ လေးနက်မှုတွေကိုပလပ်ထားတယ်။
ဒါပေမဲ့ အလိုက်အထိုက်နေတတ်တဲ့ လောကကြီးမှာ
ကျုပ်ဟာလူအများရဲ့ပါးစပ်ဖျားမှာရေပန်းစားနေစဲပဲ။
ပြီးတော့ ကျုပ်ဟာ ဂန္တ၀င်မြောက်ပြဇာတ်တစ်ပုဒ်လည်းဖြစ်တယ်။

မိုးကြယ်

3 comments:

Chaos said...

အတွေးစာစုလေးကကောင်းတယ်
တစ်ခါတစ်ခါ ကိုမိုးကြယ်ပြောသလို
ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ ပြဇာတ်ကို ဘ၀မကျနိုင်ဘူး

လင်းဦး(စိတ်ပညာ) said...

ဂန္ဓ၀င်မြောက်ပြဇာတ်လေး ကောင်းလိုက်တာ... ခံစားသွားတယ်ဗျာ

မသက်ဇင် said...

ဂန္တ၀င်ပြဇာတ်
ကိုလာဖတ်တယ်----အတွေးကောင်းပါပဲ---

ကျုပ်ဟာပေါ့ပေါ့တန်တန်ပဲ လေးနက်မှုတွေကိုပလပ်ထားတယ်။ဒီအပုဒ်---

ဘာပဲလုပ်လုပ် လေးနက်မှုကိုပဲတန်ဘိုးထားပါ--
ပလပ်မထားပါနဲ့---ပေါ့ပေါ့တန်တန် ထားသင့်တာတွေကတော့--အကျိုးမရှိတာတွေကိုပါ---
ခင်မင်လျက်
မသက်ဇင်