စက္ကူစွန်တွေကိုလေထဲပစ်မြှောက်
ဆပ်ပြာဗူဖောင်းလို
တဖုံးဖုံးနဲ့ ပစ်မှုတ်
အပြောကျယ်တဲ့ သူ့ပါးစပ်နဲ့..
ကောင်းကင်ထဲထိရောက်အောင်မှုတ်
စကားလုံးတွေဖောင်ဖွဲ့စရာမလို
ကြိုးသာနာနာကျစ်
ပြီး.. လွှတ်တင်ကွ
မှန်စာတော့တိုက်ထား
လေငြိမ်နေရင်တော့နားခွင့်ပြုဦး။
မှုတ်လိုက်စမ်း…
မင်းရဲ့ အပြောကျယ်လှတဲ့ ဟောဒီပါးစပ်နဲ့
မင်းကိုယ်တိုင်လေထဲမြောက်သွားမယ်
ဘယ်သူမှ မင်းကိုမမြှောက်ရပဲနဲ့
လွင့်လိုက်စမ်း လွင့်လိုက်စမ်းကွာ
ကိုယ့်လေကို ကိုး ကမ္ဘာ့ အပြင်ပဲရောက်ရောက်
ခန္ဓာကိုယ်ကို ဖောင်းကာကြွထား
ဗိုက်စာရင် လေကိုစား..
စိတ်သာချ
ကမ္ဘာမြေက မင်းကို ကြိုးရှည်ရှည်နဲ့ လှန်ထားပေးမယ်။
………….
………………………
နောက်ဆက်တွဲ…………
အဲ့ဒီကောင်
ဗုံးလည်းခွဲတယ် အုန်းလည်းစွဲတယ်
သူ့အပြောတော့ ခတ္ထိယ
မခွဲခင်ထဲက ကွဲနေတဲ့ သူလေအိုးက…
ကောင်းကင်တော်မှာ အိပ်မယ်ဆိုတဲ့ကောင်
အဲ့ဒီကောင်
လေအိုးကွဲနေတဲ့ကောင်…
မိုးကြယ်
Your personal Fitness Path: Remove Limitations You Put There
-
*Fitness is often a path you walk*. Be sure to take your first step at
block one- by removing limitations. No more stubbing your toes-or worse,
shooting...
11 years ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment