Wednesday, January 7, 2009

စိတ်ကူးယဉ်မိခြင်း

အားလ်စ်မှာတုန်းကအကြောင်းတွေကိုပြန်မစဉ်းစားချင်တော့အဲသည်တုန်းကနေရောင်ကိုသူတော်တော်လေးသဘောကျခဲ့သည်ပဲ။ အခုတော့ ချောက်ရေနံမြေက နေရောင်ကပိုလို့တောင်အားပါနေသည်ပဲလေ။သူ့အတွက်လည်း ၀င်းမျက်မှန် ကုမ္မဏီက နောက်ဆုံးပေါ် မျက်မှန်တစ်ခုထုတ်လုပ်ပေးခဲ့သည်။ အနှီမျက်မှန်က သဘာဝလောကကြီးကို၊အထူးသဖြင့် သူကြိုက်သည့်နေရောင်တွေကို ပြတ်သားစွာမြင်နိုင်သည်။ မျက်ဝန်းအိမ်ကိုလုံးဝထိခိုက်မှုမရှိမျက်စိကိုကြည်လင်ပြီးအေးမြစေသည်။ အဲဒါကြောင့်လည်း ရေဘင်ကုမ္မဏီ၏ ရာသက်ပန်စာချုပ်ကိုသူပယ်ချကာ ၀င်းမျက်မှန်၏ စာချုပ်ကိုလက်ခံခဲ့သည်။အဲသည်တုန်းက ဂေါ်ဂင် နှင့် မိုနေး တို့ကတောင်သူ့ကို ၀ိုင်းပြီးအပြစ်တင်ခဲ့ကြသည်။ အခုတော့ ဒီလူတွေ နောင်တရနေလောက်ပြီပေါ့ ရေဘင်က ၀င်းလောက်မှမကောင်းနိုင်ပဲလေ။ဒါကိုသူတို့ကောင်းကောင်းကြီးသဘောပေါက်နေလောက်ပြီ။ ကဲထားတော့ နေကြာပန်းတတိယမြောက်ဗားရှင်းစွဲအပြီးချောက်ရေနံမြေအလုပ်သမားများ၏ဘ၀ကိုပန်းချီဆွဲချင်၍သူဒီကိုရောက်နေခဲ့သည်ပုံကောင်းကောင်းလေးတစ်ပုံတော့ရအောင်ရေးမည်ဘိုရင်းနိတ်မှာတုန်းကကျောက်မီးသွေးတွင်းတူးအလုပ်သမားများ၏ အာလူးစားနေသူများပုံကိုသူရေးခဲ့သည်။ ယခုချောက်ရေနံမြေတွင်တော့ ကမ္ဘာကျော်သွားအောင်၊ဗင်းဆင့်ဗန်ဂိုး ၏ အမည်ကိုအရောင်ထပ်တင်လို့ရအောင်ကို ပုံကောင်းတစ်ပုံတော့ရမှဖြစ်မည်ပဲ။

 

ဗီသိုဗင်ကို အိုင်းရင်းခရော့ မှ ငှားလိုက်ပြီတဲ့။ အိုင်းရင်းခရော့ဆိုတာကလည်း ကမ္ဘာကျော်ရော့ဘန်း တစ်ခု။ ဒါပေမဲ့ဗီသိုဗင်ကတော့ချစ်စမ်းမောင်ဆီမှာနှစ်လလောက်တပည့်ခံကာဂီတာတီးနည်းအမျိုးမျိုးလေ့လာရဦးမည်။ ဒါကလည်းအတွင်းမှထွက်လာတဲ့စကားချပ်ဖြစ်သည်။ ဗီသိုဗင်ကတော့အိုင်းရင်းခရော့မှာတီးရမည့်အတွက်ဂုဏ်ယူနေသည်ကတော့အမှန်ဖြစ်သည်။

 

မြန်မာဘောလုံးအသင်းကပ္ဗတိန်စိုးမြတ်မင်းနှင့်တိုင်စစ်မှူးရန်ပိုင်တို့ကိုမန်ချက်စတာယူနိုက်တက်ကကမ္ဘာ့အမြင့်ဆုံးပြောင်းရွှေ့ကြေးတစ်ရပ်နှင့်ခေါ်ယူစာချုပ်ချုပ်လိုက်သည်။ကမ္ဘာ့အားကစားလောကတွင်တော့ လူပြောများသည့်သတင်းတစ်ပုဒ်ဖြစ်သည်။ယခုနှစ်အတွက်မန်ချက်စတာယူနိုက်တက်၏အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခြင်းဖြစ်သည်။ဒါတောင်ပြိုက်ဘက်ချက်ကြီးနှင့်အာကြီးတို့ကအောက်ဈေးနှင့်လိုက်နှိုက်လို့ဈေးပိုပေးလိုက်ရသည်ဆိုပဲ။စိုးမြတ်မင်းနှင့်ရန်ပိုင်ကတော့မန်ချက်စတာယူနိုက်တက်၏မှော်ဝင်နံပါတ်(7)ကိုစီရော်နယ်ဒိုစီမှ ဘယ်သို့ဘယ်ပုံ အပြိုင်လုယူရမည်ကိုတော့ ခေါင်းချင်းဆိုင်နေပြီပဲ။

 

ယိမ်းနွဲ့ပါးမှ ဟိုယောင်ယောင် ဒီယောင်ယောင် မောင်မိုးကြယ် တစ်ယောက် ဘာမှမလုပ်ပဲကြီးပွားချမ်းသာသွားကြောင်း။ မည်သို့လုပ်လိုက်သည်မသိ အလိုလိုနေရင်းနှင့် ချမ်းသာသွားကြောင်း။ ဟာဝိုင်ရီ ကျွန်းကိုအပိုင်ဝယ်လိုက်ပြီတဲ့။ ဂျော်နီဝေါ့လ်ကားမှာရှယ်ယာအများဆုံးပိုင်သည်တဲ့လေ။ လာမည့်အပတ်တွင် စတိဂျော့ဆီမှ Apple CEO ရာထူးကိုလွှဲပြောင်းရယူမည်တဲ့။ ဟဲ ဟဲ ဟဲ…

 

ကဲ မယ်ဂုရေ စိတ်ကူးတော့ယဉ်ပြီးသွားပြီ။ ထပ်ပြီးစိတ်ကူးယဉ်ရရင်ဒီထက်ပိုဆိုးကုန်လိမ့်မယ်။ ဟားဟားဟား… ဒီလောက်နဲ့ပဲလက်စသတ်လိုက်တာကောင်းပါတယ်။

ငါ့ညီမကျေနပ်နိုင်ပါစေ။

 

မိုးကြယ်

8 comments:

Anonymous said...

ကိုမိုးကြယ်ရေ...
အင်မတန်ကောင်းမွန်တဲ့စိတ်ကူးအနုပညာပါပဲ

အားပေးလျက်
နွေသူရ

အိုင်လွယ်ပန် said...

စိတ်ကူးတွေလန်းလှချည်လားဆရာကြယ်ရာ :P

ATN said...

စိတ်ကူးယဉ် နောက်ဆုံးပိုဒ်ကို အကြိုက်ဆုံးပဲဗျား...း)

ခေါင်ခေါင် said...

တော်တော်ယဉ်လို့ ကောင်းတဲ့ စိတ်ကူးပဲ..
တစ်ယောက်တစ်မျိုးပေါ့လေ....

megumi said...

ရေးပေးလို့ ကျေးဇူးတင်ပါတယ်နော်။ ကိုမိုးကြယ်ကြီးရဲ့ စိတ်ကူးက ရှယ်ပဲသိလား။ မိုက်မှမိုက်။ ဟ ဟား၊ ဒါမှ တို့မြန်မာကွ။ စိတ်ကူးယဉ်ဆိုပေမယ့် တစ်ကယ်ဖြစ်ရင်ကောင်းမယ်နော်။ ဟိ ဟိ။ :P :P

Dr Phyo Wai Kyaw said...

အသေကောင်းတာ......
:D

Anonymous said...

ဟာကနဲ, ဟာကနဲ ဖြစ်သွားရတဲ့ စိတ်ကူးယဉ်ဆိုတာ အဲဒါ ... အဲဒါ ...
နောက် တစ်ဟားဟားနဲ့ စိတ်ထဲကို တဒုန်းဒုန်းဝင်ရောက်သွားတာ ဒီလိုလန်းတဲ့ စိတ်ကူးမျိုးဗျ ... ဒါမှ စိတ်ကူးယဉ်အစစ် ... တယ်ဟုတ်တဲ့ လက်ရာမြောက် (အင်း စိတ်ကူးယဉ်ဆိုတော့ စိတ်နဲ့ အဓိကသက်ဆိုင်မယ်) အဲတော့ စိတ်ရာမြောက်အတွေးတွေကို ဖတ်မိပြီး ပြုံး၊ ရယ်၊ သဘောကျပြီး ... အားကျသွားပါကြောင်း ... ။
အော် မေ့လို့ မေ့လို့ ကိုမိုးကြယ် ...
အလိုလိုနေရင်း ချမ်းသာသွားတဲ့ နည်းကလေး လူသိရှင်ကြား လက်တို့ပြီး ပြောခဲ့ပါလားဗျာ ... ။ :D

ခင်မင်လေးစားစွာဖြင့်

ဇင်ယော် said...

ကိုမိုးကြယ် ဟာဝိုင်ရီ ကျွန်းကို လာလည်ချင်လို့  လေယဉ်လက်မှတ်လေး ပို့ လိုက်ပါလားဗျာ။ ရှယ်ယာ အများဆုံးပိုင်တဲ့ ဂျော်နီဝါကားက ပုလင်းလေးတွေ လက်ဆောင်ပို့ ပေးလည်း စိတ်မဆိုးဘူးဗျနော်။ Apple မှာ အလုပ်လိုချင်လို့  ကူညီပါ ဆရာရယ် နော် ဟီးဟီး။ စိတ်ကူးတွေက လန်ပျံနေတာပါပဲလားဗျို.။