
မြို့ဟောင်း
တိမ်လိပ်တွေပျံ့လွင့်တော့လည်း
ပြာမြဲ ပြာစဲကောင်းကင်ပေါ့၊
နေအ၀င်ဆို စာတင်လောက်အောင်လည်း
လှခဲ့ ပခဲ့ ညနေပေါ့လေ။
မိုးသောက်ထဲက လူးလွန့် နိုးကြွလာတဲ့
ပေတစ်ရာရှည်လမ်းပေါ့
ပေါင်းထုပ်အဖြူတွေရယ်
ဂါဝန်ကားကားတွေရယ်နဲ့လေ
လျှပ်စစ်တိုင် သုံး၊လေး တိုင်တော့
မီးလင်းသေးပေါ့။
ခေါင်ပေါ်နေကြတ်ပြီဆို
တစ်ရုံးရုံး တစ်ဝုန်းဝုန်းနဲ့
အသက်ရှူသံတွေ နွမ်းလျ နုံးချိ၊
အရေပြားလိပ်နေတဲ့ မျက်နှာတွေ
မျက်နှာချိုသွေးနေတဲ့ ဖ၀ါးတွေနဲ့
တလျှပ်လျှပ်ထနေတဲ့ နေအရောင်ကို
အလျားလိုက် လက်သင့်ခံထားရတဲ့
လမ်းအို လမ်းဆွေး လမ်းတွေနဲ့ပေါ့။
ခြောက်ခြားစရာကတော့
မျက်မြင်မှ မဟုတ်၊ ပြီးတော့
ပတ်ဝန်းကျင် အဆိုးအညစ်တွေနဲ့
နိုးခဲ့ရတဲ့ ကလေးတစ်ယောက်
နားကပ်ရောင်ကြောင့် ကျောပြောင်ခဲ့ရ
စကားလုံးအဖုအထစ်တွေကြောင့်ပဲ
မလန်းမဆန်းနဲ့ အိုဟောင်း၊
ခေါက်ရိုးလည်းကျိုး တန်ဖိုးလည်းကျ
ပျင်းရိ ချိနဲ့
အော်.. ရာဇ၀င်ထဲက
ငါ့မြို့ ရယ်လေ။
ညနေ၀င်ဆို
ငါ့သက်ပြင်း ငါမှုတ်ထုတ်
တောင်ဆွယ်ပေါ်တင်လို့
ခုတ်ထစ်ရချေရဲ့။
မိုးကြယ်
7 comments:
ပြန်လာတော့
မြို့တစ်မြို့ ဆွဲလာခဲ့တာကိုး ......
ကဗျာကြီုက်တယ်ဗျာ.......
ဒါနဲ့မြို့အပြင် ပုလင်းလေးဘာလေးမပါဘူးလားဗျ :P
ပုလင်းကြွေးကို ကဗျာဖတ်ပြီး ဖဲ့ဆပ်သွားတယ်.. သားကြီး :)
မြို့ဟောင်းကို ဖြတ်ကြည့်သွားတယ်... အပူတွေဟပ်တယ်...
ရာဇ၀င်ထဲကမြို့ဟောင်းလေးကိုဘဲလွမ်းနေတယ်.
တစ်နေ့ပေါ့လေ..
ကိုယ့်မြို့က ကိုယ့်ကိုကြိုဆိုလိုက်သံနဲ့
ကိုယ်က ကိုယ်မြို့ကို နှုတ်ဆက်လိုက်သံတို့..
လိုက်လျောညီထွေရောရှိလား...
မြို့ က မင်းကမ်းပေးတဲ့ ညာလက်ကို..
ပုတ်မထုတ်လုက်ဘူး..မဟုတ်လား...
မင်းက မြို့ရေ...
အခြေအနေမပေးလို့
ဝေးနေရတာပါ ဆိုတာမျိုး..
နှစ်သိမ့်ခဲ့ရဲ့လား..
မြို့က တိုတွေ ပိုင်ဆိုင်ခဲ့တဲ့ တို့မြို့ပဲ မဟုတ်လား...
မြို့ပေါ်ကတိမ်တွေကလဲ အရင်လိုပြာလို့မဟုတ်လား..
ဂွတ် သယ်ရင်း...မိုက်တယ်
တစ်ချိန်က...တစ်ချိန်ကပေါ့...အဲဒီမြို့လေးမှာဘဲ ကြီးပြင်း လှုပ်ရှား ကျင်လည် လှည့်ပတ်...
ဒီမြို့လေးပါဘဲ..အခွင့်သင့်ရင် ရင်ထဲတစ်ခါလောက်တော့..ထည့်ချင်သေးရဲ့...။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Post a Comment