
နေတောင်ဝင်နေပြီ
ငါက ခုထိ မနိုးသေးဘူး
တချို့ ကလဲ နိုးတ၀က်နဲ့...
အိပ်ချင်ယောင်ဆောင်
တချို့ ကလဲ အိပ်တ၀က်နဲ့
နိုးချင်ယောင်ဆောင်...
လောကမှာ ဒေါင်းယောင်ဆောင်တဲ့ကျီးတွေများနေပြီ...
တချို့ က နီတိကို ရွတ်ပြီး...
ဒါးပြတိုက် ကြတယ်...
တချို့ က ကျမ်းစာကို ပြပြီး...
အနုကြမ်းစီး ကြတယ်....
ငါတို့ ကတော့ မျောက်ပြခံနေရတယ်....
နံမည်ကြီးထမင်းငတ်....
ကိုယ့်ကိုကို...ဘယ်ဇာတ်ရောက်နေလဲတောင် သိကြရဲ့ လားမသိ
ညကလပ်မယ်တယောက်က...
ရိုးရာဝတ်စုံ ၀တ်ပြီး...ဒစ်စကိုကသလိုပေါ့....
နီယွန်လွှမ်းတဲ့ညတွေက...
ညစ်ညမ်းနေတာကြာပါပြီ
တချို့ အမည်ခံဆရာတွေက..
စီမံကိန်းဆွဲတော်ကြတယ်....
ပုံကြမ်းတောင်မပြီးသေးဘူး
တိုက်နဲ့ ကားနဲ့ ဖြစ်ကုန်ပြီတဲ့လေ...
ကျဆုံးနေတာ...
ကြွားစရာဂုဏ်တခုများလား....
မီးလောင်ပြင်မှာ ရွှေကျင်လို့ ရမှန်း
ခုမှ သဘောပေါက်တော့တယ်
11 comments:
အမှန်တရားအပြည့်နဲ့ကဗျာတပုဒ်
ပါပဲအကို...။ဖတ်ရတာတကယ့်အနှစ်သာရ
ရှိပါတယ်....။
မီးလောင်ပြင်မှာရွှေကျင်လို့ရမှန်း
သဘောပေါက်ခဲ့ဖို့
ဘာတွေဘယ်လောက်များ ဝင်ဆန့်လိုက်ရလဲ..........
ကဗျာကောင်းတယ်ကိုမိုးကြယ်ရာ .....
ကဗျာလေး လာဖတ်တာ ကြိုက်တယ် အကို အတွေးလေးတွေ ရပါတယ်
လေးစားလျက်
တောင်ပေါ်သား
ကဗျာအပိုဒ်တိုင်းမှာ သုံးနှုန်းပြီး ဖေါ်ပြထားတာလေးတွေ
အကုန်ကြိုက်တယ် .. ဖတ်ရတာလည်း အနိမ့်အမြင့်နဲ့
ဖတ်ကောင်းတယ် ..။
ကဗျာဖတ်ရင်း တွေးတောသိမြင် မှတ်စရာများ ရသွား၏
ဟိုက်....
ကဗျာက ကျုပ်ကိုများစောင်းရေးထားသလားဗျာ...
အနေအထားတွေက တထပ်တည်းကျနေတယ်... စည်းချက်တွေ တူနေတယ်... စာသားအားလုံးက ကာရံမဲ့လျက်နဲ့ လောကကာရံထဲ အချိုးကျကျ လှနေတယ်။ ဟုတ်ပြီဗျာ ဒီတခါတော့ အိမ်ကိုသေချာပေါက် လာသောက်မယ်...
သယ်ရင်း သိပ်ပြင်းတယ်..
ပြင်းပြင်းလေးကပဲ ကောင်းလွန်းနေတာ..
ဂွတ်..
မိုးကြယ်
ကဗျာတစ်ပုဒ်လုံးမှာစာသားတွေကလေးနက်နေတယ်.
တွေးစရာတွေလည်းပါနေတယ်.
ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားပါတယ်.
ရှတနေတဲ့ ကဗျာကောင်းတပုဒ်ပါပဲ...
များများ ဖတ်ချင်တယ်...
ခဏခဏ ခံစားပေးပါ...
ATN
ကိုနေရေ ဂွတ်ထ
နာလာပီး မျောက်ပွဲ ကြည့်သွားတယ်
ဆန်တောင်းတဲ့သူ ရှာမတွေ့သွားဘူးကွဲ့(စတာ)
သဘောပေါက်သွားတာတွေအများကြီးပဲ
သဘောပေါက်ထားတာတွေ တထပ်တည်း ပုံဖေါ်နိုင်စွမ်းလို့ အံ့ရော အံ့ရောလို့ပဲ သြချသွားသကွ
""ကျဆုံးနေတာ...
ကြွားစရာဂုဏ်တခုများလား....
မီးလောင်ပြင်မှာ ရွှေကျင်လို့ ရမှန်း
ခုမှ သဘောပေါက်တော့တယ် ""
ဟုတ်ပ ကိုနေရေ...
ခေတ်ပျက်သူဌေးတွေ
လူနပ်ချမ်းသာတွေ..
ရေလိုက်ငါးလိုက်တွေ..
အမြီးကျက်အမြီးစား၊ခေါင်းကျက်ခေါင်းစားတွေဆိုတာ
အလကားထားတာမှမဟုတ်တာ....
ဒီလိုပဲ...
စီး
ဆင်း
နေ
ကြ ပေါ့..။
သိပ်ကောင်းတဲ့ ကဗျာပါလား...
အမှန်တရားတွေ ချပြထားလိုက်တာ..
ပြင်းရှရှကဗျာ ပျော်ဝင်ခံစားလိုက်တယ်ဗျာ...
အဆုံးစွန်အထိ..
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Post a Comment