
လေက်ကျွမ်းစဲ လောင်ကျွမ်းပြီး
စိတ်ခွန်အားများ
ထားခဲ့… ထားခဲ့ပါ။
တစ်ခါတစ်ရံလည်း
ဖိနပ်အပြတ်နှင့်လူလုံးပြ
အပူလုံးကြွမှုများအား
လျစ်လျူရှုတတ်ရမပေါ့။
မီးပြတိုက် အတွင်းသား
အလင်းကား ခမ်းနားလှချည့်ရဲ့။
ပင်လယ်ဆယ်စင်းအပြိုင်လင်းအောင်ပ၊
လူ့စိတ်အတွင်း မြင်ကွင်းကတော့
ချို့တဲ့လှတယ်။
သူငယ်ချင်းရေ
ချစ်သူရေ
လူဆိုတဲ့လူ မျက်နှာကိုမီးပူတိုက်
ရင်ဘတ်မှာသံမှိုရိုက်ထားတာက
ငါလေ လူပါပဲတဲ့။
မဖုံးကြပါနဲ့
မဖိကြပါနဲ့
အာရုံငါးပါးအတိုင်းသာလိုက်ခဲ့ပါ
မမြဲတရားလေးတော့ လက်ကိုင်ထားခဲ့ပေါ့။
ငါတို့ခရီးအား
နီးသလား၊ ဝေးသလား
လားလားမျှမဆိုင်..
ငါသည်သာ
လျှောက်လှမ်းရမည်၊
လှော်ခတ်ရမည်၊
ပျံသန်းရမည်။
တိမ်တောင် အရောင်အဆင်း
အခင်းအကျင်းများနှင့်
ငါ့ဘ၀…ငါ့ပုံရိပ်အား
ချယ်မှုန်း၊ ထုဆစ်လို့
ငါ့ခေတ်အားရှင်သန်ရစေရဲ့။
တစ်ရာနှင့်ငါးဆယ့်သုံး
အတုံးအရုံးလဲသူ
ကဗျာနှင့်ထူမတ်
ဝါရော်ခဲ့ခြင်း အချိန်စက်ကွင်းအား
အလင်းအောက် မွှေးမြ
နှင်းဆီတစ်ပွင့်လှပခြင်းနှယ်
ငါ့အား လောင်ကျွမ်းခဲ့ပါပြီ။
မိုးကြယ်